Sunday, June 19, 2011

အမြင့်ပျံငှက်များ အပိုင်း (၁)

 စတက်နေ  June20 2011

လူငယ်သည်အနာဂါတ်၏ခေါင်းဆောင်များဖြစ်ပါသည်။ တိုင်းပြည်အကျိုးကို ဆောင်ကျဉ်းပေးနိုင် သော တိုင်းပြည်၏ သားကောင်းရတနာများဖြစ်ပါသည်။ ကရင်လူငယ်ထုအတွင်း ၎င်းတို့၏ မှန်ကန်မြင့်မြတ်သော မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တို့သည်လည်း အလွန်လေးစား ဂုဏ်ယူစရာဖြစ်ပေသည်။
ကရင်အမျိုးသားတို့၏ရပိုင်ခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်ဟူသောဒီမိုကရေစီအခြေခံသည့် တိုက်ပွဲတို့သည်တရားမျှတသောတိုက်ပွဲပင်ဖြစ်ပါသည်။

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကြီးသည်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့နှင့် နိုင်ငံရေး စား ပွဲဝိုင်းတွင်တွေ့ဆုံနိုင်ရန်အတွက်လည်းကောင်း၊ စစ်ရေးနည်းဖြင့်သော်လည်းကောင်း၊ သံတမန် နည်းဖြင့်သော်လည်းကောင်း တိုင်းပြည်၏ အကျိုးကို ဦးထိပ်ထားပြီး အာဏာရှင်အဆက်ဆက်တို့နှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ကြိုးစားအား ထုတ်မှုများမှာ ကမ္ဘာအသိဖြစ်ပါသည်။ မဆလ၊ န၀တ၊ မဆလ၊ နအဖနှင့် ယခု ကြံ့ဖွံ့အစိုးရအထိ ၎င်းအစိုးရအဆက် ဆက်တို့သည် အာဏာ ဂုဏ်မောက်နေရုံမက အာဏာကိုလက်လွတ်ဆုံးရှုံးခံမည်ကို အစိုးရိမ်လွန်၍ ၎င်းတို့ကိုဆန့်ကျင်သူမှန် သမျှ၊ ဝေဖန်သူမှန် သမျှ ထောင်သွင်းအကျဉ်းချကာ ပြည်သူတို့၏ နိုင်ငံရေးယှဉ်သန်ရပ်တည်မှုများကို ရိုက်ချိုးဖျက်ဆီး လျှက်ပင်ဖြစ်သည်။

လွန်ခဲ့သော ၁၅ နှစ် ၀န်းကျင်ခန့်က တိုင်းရင်းသားအတော်များများနှင့် ကရင့်တော်လှန်ရေးအတွင်း ခွဲ ထွက်ကာ အာဏာရှင်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော ကရင်ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့၊ ပဒို အောင်ဆန်းငြိမ်းချမ်းရေးအဖွဲ့၊ ဒီကေဘီအေ နှင့် မကြာသေးမီ ဗိုလ်မှူးချုပ်ထိန်မောင်အဖွဲ့စသည်ဖြင့် ငြိမ်းချမ်းရေးယူခဲ့ကြသော်လည်း နိုင်ငံရေးပြသ နာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့သည့်အပြင် ယနေ့ တိုက်ပွဲများ မြန်မာပြည်ပတ်ပတ်လည် ဖြစ်ပေါ်လာသည်မှာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော တိုင်းရင်းသား တို့၏ တာဝန်မဟုတ်ဘဲ စစ်အစိုးရတို့၏ ကောက်ကျစ်ယုတ်မာမှုကို မျက်ဝါးထင် ထင် မြင် နိုင်ကြပါသည်။

ယနေ့ကရင်လူငယ်များသည် ကရင့်သမိုင်း၊ ဗမာပြည်နိုင်ငံရေးသမိုင်းနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်ပြောင်း လဲမှုသမိုင်းတို့ကို လေ့လာကာကရင်အမျိုးသားတို့၏ နှစ်ရှည်လများ တောင့်တလိုလားသော ပြည်တွင်းငြိမ်း ချမ်းရေး၊ ဒီမိုကရေစီအစိုးရပေါ်ထွန်းရေး၊ တိုင်းရင်းသားတို့၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအ တွက် နိုင်ငံရေးစားပွဲဝိုင်းတွင် မြန်မာပြည်၏မဖြေရှင်းနိုင်ခဲ့သော နိုင်ငံရေးပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့ကရင်လူငယ်များအပေါ်တွင် ကျရောက်နေပြီဖြစ်ပါသည်။ ကရင်လူငယ် များ နိုင်ငံရေးအဆင့်အတန်း တိုးတက်ကြပါစေ။

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons