Tuesday, June 28, 2011

အမြင့်ပျံငှက်များ အပိုင်း (၂)

စတက်နေ

ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် အနာဂါတ်ကရင်လူငယ်များ စည်းလုံးပြီး အရည် အချင်းပြည့်ဝရန်လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးတလျှောက် အုပ်စိုးသူအဆက်အဆက်တို့၏ က ရင့်အမျိုးသားများအတွင်းထဲထဲဝင်ဝင် သပ်သျှိုသွေးခွဲမှုတို့ကြောင့် ဖြစ်ပေါ်လာရသော ကွဲအက်မှုများ၊ ဆုံးရှုံးလိုက်ရသော အင်အားများကို ပြန်လည်စုစည်းရန်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် ယနေ့ ကရင်လူငယ်တို့၏ ပခုံးပေါ်သို့ ကျရောက်နေပြီဖြစ်ပါသည်။


ကရင်အမျိုးသားများအတွင်းနှင့် ကရင့်တော်လှန်ရေးအတွင်းရှိ ပုဂ္ဂိုလ်များသည် တဦးနှင့် တဦး 
 အ တွေးအမြင်မတူညီနိုင်သော်လည်း ကရင့်အမျိုးသားလွတ်မြောက်ရေးဟူသော ပန်းတိုင်တိုင်မှာ အတူ တူပင် ဖြစ်ပါသည်။ ကရင်အမျိုးသားများတို့သည် ပဒေသရာဇ်ခေတ်မှ ယခုအချိန်အထိ အဖိနှိပ်ခံရဆဲ၊ အသတ်ဖြတ်ခံရဆဲ၊ ပစ္စည်းဥစ္စာတို့ကို အဓမ္မအသိမ်းခံရဆဲ၊ ပညာရေးနိမ့်ကျဆဲ အစရှိသဖြင့် အလွန် ပင် ၀မ်းနည်းကြေကွဲဘွယ်ရာများကို နေစဉ် မြင်ရ ကြားရမည်ဖြစ်ပါသည်။

ထိုသို့ဖြစ်ရသည်မှာ ကံကြောင့်မဟုတ်၊ ဘုရားသခင်အလိုတော်မကျ၍မဟုတ်၊ လူလူချင်းအနိုင်ကျင့် လိုသော အများစုမှ အနည်းစုကို အနိုင်ကျင့်လိုသော၊ ၀ါးမြိုလိုသော တိရစ္ဆာန်ကဲ့သို့ အသိစိတ်ရှိသူ တို့ ကြောင့် မျက်ရည်ကျရသည်။ သွေးမြေကျရသည်။ ဆင်းရဲတွင်းနက်ကြရသည်။ ပြေးလွှားကြရသည်။ ထိုအဖြစ်ဆိုးကိုကျော်လွှားနိုင်ရန် ကရင်အမျိုးသားတိုင်း မိမိကိုယ်ကို ဆန်းစစ်ကြရန်လိုအပ်နေပြီလည်း ဖြစ်သည်။

ယနေ့ကရင်လူငယ်များသည် ထိုသို့သော အဖြစ်ဆိုးတို့နှင့်လည်း ကိုယ်တိုင်သော်လည်းကောင်း၊ ဆွေ မျိုးမောင်နှမသော်လည်းကောင်း၊ သူငယ်ချင်းသော်လည်းကောင်း ကြုံတွေ့ခံစားကြရပါသည်။ ထိုသို့ခါး သီးသော ဘ၀ဖြစ်ရပ်များကြောင့် စိတ်ဓါတ်ရေးရာကို အမြင့်ဆုံးထားရှိ၍ ရန်သူကို ခါးခါးသီးသီး နာကျည်းမုန်းတီးပြီး မိမိတို့၏ အမျိုးသားများကို ကယ်တင်လိုသော၊ မိဘကျေးဇူးကို ဆပ်လိုသော၊ လူပီသလိုသော စိတ်ဓါတ်တို့ အရင်းခံကာ ထိုခွေးတိရစ္ဆာန်တို့ကို တက်ညီလက်ညီ ဖယ်ရှား သုတ်သင် ကြရမည်ဖြစ်ပါသည်။ 

လူငယ်သည်စွမ်းအားကြီး၏၊ ဖြတ်လတ်၏။ အရာရာကို လုပ်ဆောင်နိုင်၏။ ၎င်းတို့မလုပ်ဆောင်နိုင် သော အရာဟူ၍ကား မရှိ။ အရေးကြီးသည်မှာ စိတ်ဓါတ်မြင့်မားရေးပင်ဖြစ်သည်။ အမြင့်ပျံငှက်များ ဖြစ်ကြရန် အထူးအရေးကြီးကြောင်း နှိုးဆော်အပ်ပါသည်။




0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons