Saturday, April 7, 2012

ကေအဲန်ယူကိုယ်စားလှယ် အချို့နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင်တွေ့ဆုံ

Saturday, 7 April 2012
ဧပြီလ ၇ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့ဝင်အချို့သည် ယနေ့ နေ့လည် ၁၁နာရီမှ ၁၁နာရီခွဲအချိန်တွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Wednesday, July 13, 2011

ထိုင်းအလုပ်ရုံတွင် မြန်မာ ၄ဝဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားပြန်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။      ။ အခြားအလုပ်ရုံများနည်းတူ လုပ်ခတိုးမရသဖြင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်
 စေတီစမ်အွန်းမြို့ရှိ WATANA Footwear Co., Ltd. ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ခန့်သို့ ဆန္ဒပြမှု ကူးစက်ကာ တနင်္ဂနွေနေ့မှစ၍ ၄ ရက်တိုင် အလုပ်မဆင်းဘဲနေကြသည်။

တပတ်လုံး နားရက်မရှိသော အလုပ်ရုံတွင် တနေ့လုပ်ခ ၁၅ ဘတ် တိုးပေးရန်၊ တရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်နှင့် သောက်သုံးရေသန့်များ ရရှိရန် အလုပ်ရှင်ထံ အလုပ်မဆင်းဘဲ တောင်းဆိုဆန္ဒပြနေခြင်း
 ဖြစ်သည်။

၎င်းတို့မှာ တရက်လုပ်ခ ၆၅ ဘတ်မှ ၁၄ဝ အထိ ရရှိကြပြီး၊ တရက် ၉ နာရီ အလုပ်ဆင်းရကာ ဘုရားသုံးဆူဒေသရှိ ထုံးဓာတ်လွန်ကဲသော တွင်းရေကိုသာ ကြိုချက်သောက်သုံးရသည်ဟု အလုပ်သမားဘက်က ဆိုသည်။

ဇွန်လ ၁၁ ရက်၊ တနင်္လာမွန်းလွဲပိုင်းတွင် အလုပ်ရှင်၊ မန်နေဂျာများနှင့် အလုပ်သမား ခေါင်းဆောင်များက အလုပ်ရုံတွင် ညှိနှိုင်းခဲ့ကြပြီး အလုပ်ရှင်ဘက်မှ တရက်လုပ်ခ ၈ဝ ဘတ်အောက် ရရှိသည့် အလုပ်သမားများကို ၈ဝ ဘတ် သတ်မှတ်ပေးကာ အလုပ်သမားခေါင်းဆောင်များကို ၂ဝ ဘတ် တိုးပေးမည်ဟု ပြောသော်လည်း အလုပ်သမား
 ခေါင်းဆောင်များက လက်မခံခဲ့ပေ။

“ကျနော်တို့သက်သက်ကို တိုးပေးတာ ကျနော်တို့ လက်မခံဘူး၊ အလုပ်သမားအားလုံး တပြေးညီ ၁၅ ဘတ် တိုးပေးတာကိုပဲ ကျနော်တို့ လိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ ကိုချမ်းအေးက မဇ္ဈိမကို ပြောသည်။

ညှိနှိုင်းမှု မပြေလည်သည့် အပြင် အလုပ်ရှင်က အလုပ်သမားများကို အကျပ်ကိုင်ခဲ့သေးသည်ဟု နောက်ထပ် အလုပ်သမားခေါင်းဆောင် ကိုဝင်းက ပြောသည်။

“ သူတို့က ၃ ရက်အတွင်း အလုပ်ဆင်းရင် ဆင်း၊ ၃ ရက်လွန်လို့မှ အလုပ်မဆင်းရင် အလုပ်သမား ခေါင်းဆောင်တွေပါ မကျန် တရက်လုပ်ခ ၈ဝ က အားလုံး ပြန်စရမယ်လို့ ကျနော်တို့ကို ပြောလွှတ်လိုက်သေးတယ်” ဟု သူက ဆိုသည်။

အလုပ်သမားဘက်ကလည်း ၃ ရက်အတွင်း လုပ်ခ တိုးမပေးပါက အလုပ်ရုံတိုင်းတွင် စာကပ်ကာ ဆက်လက် ဆန္ဒပြမည်ဟု ဆိုထားကြသည်။

ထိုင်းဘက်ကမ်း စေတီစမ်အွန်းရှိ အလုပ်ရုံများတွင် အလုပ်လုပ်နေသူများမှာ မြန်မာနိုင်ငံသားများသာ ဖြစ်ကြပြီး
 နေ့စဉ် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမှ ထိုင်းဘက်ခြမ်းသို့ ကူးကာ အလုပ်လုပ်ကြသည်။

အလုပ်သမားတဦးက “ကျနော်တို့ အမြဲတမ်း အနှိမ်ခံနေရတယ်။ ဘုရားသုံးဆူဘက်မှာ အလုပ်သမားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖွဲ့တဖွဲ့လောက် ရှိစေချင်တယ်” ဟု ပြောသည်။

စေတီစမ်အွန်းခေါ် ဘုရားသုံးဆူမြို့တွင် ဖိနပ်ချုပ်အလုပ်ရုံ ၄ ရုံ ရှိပြီး၊ မြန်မာလုပ်သား ၂၀၀၀ ကျော် လုပ်ကိုင်နေသည်။ တမြို့လုံးတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄ဝ ကျော် ရှိသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် လုပ်ခတိုးပေးရန် PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ အလုပ်သမားများ ၄ဝဝ ကျော် ဆန္ဒပြပြီးနောက် ၈ ရက်နေ့ ညှိနှိုင်းမှုအရ တရက် ၁၅ ဘတ် တိုးပေးခဲ့သည်။

စေတီစမ်အွန်းသည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိကာ၊ ထိုင်းဘက်ခြမ်း ဘုရားသုံးဆူအဖြစ် မြန်မာများက အလွယ်ခေါ်ကြသည်။

Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

Monday, July 4, 2011



တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်
မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏
လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုး
သည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။
သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်
အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်း
ကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည် ကာလကြာမြင့်စွာ
တည်တံ့နိုင်မည်ဖြစ်ပေသည်။

 
( ၁ )    လူထူမေတ္တာ
( ၂ )    လူထု၏ကြည်ညိုခြင်း 

( ၃ )    လုံခြုံမှုတွက်စိတ်ချရခြင်း 


                        

                        (၁) လူထုမေတ္တာ
             

အစိုးရတိုင်း၌ ပထမလိုအပ်သော  တာဝန်ဝတ္တရားသည်ကား   တိုင်းပြည်အတွင်းငြိမ်ဝပ်  ပိပြားရေး
ရရှိအောင်စောင့်ရှောက်ထိန်းသိမ်းရေးပင်ဖြစ်သည်     တိုင်းပြည်အတွင်းငြိမ်ဝပ်ပိပြား ရေး ရရှိသည်
နှင့်အမျှတိုင်းရင်းသားများ၏ အသက်နှင့်စည်းစိမ်လုံခြုံမှုတို့ကို  ရရှိနိုင်မည်ဖြစ်၍  တိုင်းရင်းသားများ
၏သက်သာချောင်ချိရေးသည် ပေါက်ဖွါးလာကာ အစိုးရအပေါ်၌ ကြည်ညိုအားထားလေးစားသော
မေတ္တာစိတ်များသည်    အလိုအလျှောက်ဖြစ်ပေါ်လာမည်ဖြစ်ပေ သည်။လူထု၏မေတ္တာအစစ်အမှန်
ကို  တကယ်တမ်းရရှိသော အစိုးရသည်    မိမိတို့၏  စီမံအုပ်ချုပ်မှု၌ အခက်အခဲဟူသ၍ တို့ကိုလွယ်
ကူစွာအောင်မည်နိုင်မည်ဖြစ်သဖြင့်အုပ်ချုပ်ရေးတည်တံ့မှုကိုရရှိနိုင်မည်ဖြစ်ပေသည်။သို့ဖြစ်၍တည်
တံ့ခိုင်မြဲလိုသောအစိုးရတိုင်းတိုင်ပြည်၏လူထုမေတ္တာကိုရယူသင့်ကြပေသည်။            


       

                         (၂ ) လုထု၏ကြည်ညိုခြင်း 



အစိုးရ၏အုပ်ချုပ်မှုတည်တံ့ရေးတွင်အကျုံးဝင်လျှက်ရှိသော အရင်းခံဝတ္တရားကြီးတစ်ခုသည်ကား
တိုင်းပြည်၏ကိုယ်စားလှယ်အစစ်အမှန်များကို   တရားသောနည်းအတိုင်းရွေးကောက်တင်မြှောက်
၍   အဆိုပါကိုယ်စားလှယ်များက ရေးဆွဲသောဥပဒေများကို  တိုင်းရင်းသားအားလုံးစည်းကမ်းသေ
ဝပ်စွာ ညီညီညာညာလိုက်နာကြခြင်းပင်ဖြစ်၏။အစိုးရသည်တိုင်းပြည်၏စည်းကမ်းဥပဒေအရတရား
သဖြင့်အုပ်စိုးနိုင်မှသာလျှင် လူထုကြည်ညိုခြင်းကိုခံရလိမ့်မည်ဖြစ်၏။ လူထု၏ကြည်ညိုခြင်းကိုရရှိမှ
သာလျှင် အုပ်ချုပ်ရေးတည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပေသည်။  မျက်နှာကြီးငယ်လိုက်ခြင်း၊အဂတိတရား
လိုက်စားခြင်း၊လာဘ်ပေးလာဘ်ယူမှုများကိုလက်သင့်ခံခြင်းစသည်တို့ဖြင့်မကင်းသောအစိုးရသည်
လူထု၏အကြည်ညိုကိုအခိုက်အတန့်မျှသာရယူနိုင်မည်ဖြစ်သဖြင့်လူထု၏ထောက်ခံမှုကိုကြာမြင့်စွာ
မရနိုင်ဘဲအုပ်ချုပ်ရေးတည်တံ့မှုကိုပျက်ပြားစေရန်အကြောင်းတစ်ရပ်ဖြစ်ပေသည်။ 
                  
                   (၃) လုံခြုံမှုအတွက်စိတ်ချရခြင်း                        
 
တိုင်းသူပြည်သားအားလုံးတို့၏လုံခြုံစွာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရသည်စီမံပေးနိုင်
ရမည်ဖြစ်၏။ ပြည်တွင်း၏ဆူးညှောင့်ခလုတ်များဖြစ်ကြသော  ခိုးသား။ဓါးပြနှင့်သောင်းကျန်းသူများ
ကိုနှိမ်နှင်းနိုင်ရမည်အပြင် ပြည်ပဖြစ်သောတိုင်းတစ်ပါးသားတို့၏ဘေးရန်ကိုလည်း ကာကွယ်ပေးနိုင်
စွမ်းရှိရမည်ဖြစ်ပေသည်။  တိုင်းပြည်အတွင်းလုံခြုံမှုအတွက်  စိတ်ချလက်ချ မနေကြရလျှင်တိုင်းရင်း
သားများသည် မိမိတို့၏အစိုးရအပေါ်တွင်အယုံအကြပျက်ပြားကာ   အုပ်ချုပ်မှုတည်တံ့ရေးကို ချက်
ချင်းထိခိုက်နိုင်စရာအကြောင်းရှိပေသည် ဖေါ်ပြပါအချက်သုံးချက်နှင့်ပြည့်စုံသောအစိုးရတိုင်းသည်
မိမိတို့၏အုပ်ချုပ်ရေးနှင့်ပတ်သက်၍တိုင်းရင်းသားများ၏   ယုံကြည်အားထားမှု၊ကြည်ညိုလေးစားမှု၊
စိတ်သက်သာမှုစသည်တို့ကို တကယ်တမ်းရရှိနိုင်မည်ဖြစ်ရာ တိုင်းရင်းသားအားလုံးကြီပွါးတိုးတက်မှု
သက်မှုသက်သာချောင်ချမှုတို့ကြောင့် စည်ပင်ဝပြောသောတိုင်းပြည်အဖြစ်သို့အသွင်ပြောင်းနိုင်မည်
ဖြစ်သည့်အတိုင်း တည်တံ့ခိုင်မြဲသောအစိုးရအဖြစ်ဖြင့် တည်မြဲနိုင်မည်ဖြစ်သောကြောင့် ကမ္ဘာတခွင်၌
တိုင်းပြည်အသီးသီးရှိအစိုးရအဖွဲ့တိုင်းသည် တည်တံ့ခိုင်မြဲသောအစိုးရဖြစ်လိုသော ဖေါ်ပြပါအချက်
ကြီး(၃) ချက်ကိုလက်မလွတ်သင့်ကြောင်း ရေးသားရပေသတည်း။       

http://thuraytphaung.blogspot.com/2011/07/nation_04.html မှ ကူးယူဖေါ်ပြအပ်ပါသည်။

Wednesday, June 29, 2011

မြို့ကြီးသုံးမြို့ ဗုံးဖောက်ခွဲသူ ၃ ဦး ရဲက ရှာဖွေလျက်ရှိ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ်

  
မဇ္ဈိမသတင်းဌာန ။      ။ နေပြည်တော်အပါအဝင် မြို့ကြီးသုံးမြို့တွင် တပြိုင်တည်း
ဗုံးဖောက်ခွဲမှုပြုသည်ဆိုသော သံသယဖြင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို လိုက်လံရှာဖွေလျက်ရှိကြောင်း အစိုးရက ထုတ်ပြန်သည်။

မန္တလေးတွင် ကားဗုံးဖောက်ခွဲပြီး နေပြည်တော်နှင့် ပြင်ဦးလွင်မြို့များတွင် လူသူမရှိသော အိမ်များအတွင်း ဗုံးဖောက်ခွဲမှုကို ဇွန်လ ၂၄ ရက်နေ့က တပြိုင်တည်း ကျူးလွန်သူများမှာ စိုင်းဆမ်၊ စိုင်းအိုက်နှင့်

စိုင်းကျော်မြင့်ဦးတို့ ဖြစ်သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာများ၌ ဗုဒ္ဓဟူးနေ့တွင် ပါရှိသည်။

မန္တလေးတွင် ပေါက်ကွဲခဲ့သည့် လိုင်စင်မဲ့ကား (၃ခ/၁၉ဝ၄) ကို
စိုင်းဆမ် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၅ လက်မ၊ အသားဖြူ၊ ဝဲမျက်စိဘေး တွင် အမာရွတ်တခုရှိ
စိုင်းအိုက် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၃ လက်မ၊ ဆံပင် ဘိုကေ၊ အသားဖြူ၊ ပါးတွင် တင်းတိပ်များ ရှိ
စိုင်းကျော်မြင့်ဦး အသက် ၂၅နှစ်၊ အရပ် ၅ပေ ၄ လက်မ၊ ဆံပင် ကုပ်ထောက်၊ နဖူးကျယ်၊ နှာတံပေါ်၊ အသားလတ်၊ စကားဝဲ
ကားပွဲစား ဟာရှင်နှင့် ကျော်ကျော်ထက်ထံမှ စွပ်စွဲခံရသူများက ၃ ဦးက ဝယ်ယူခဲ့ကြောင်း ကားပွဲစားများက အတည်ပြု ထွက်ဆိုခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။

ထို့အပြင် စိုင်းဆမ်နှင့် စိုင်းအိုက်တို့ နှစ်ဦးက နေပြည်တော်နှင့်
 ပြင်ဦးလွင်တွင် အိမ်နှစ်လုံးကို ကြိုတင်ငှားရမ်းခဲ့ကြောင်း အိမ်ရှင်များ၏ ထွက်ဆိုချက်ကို ကိုးကားဖော်ပြထားသည်။

ပေါက်ကွဲမှုဖြစ်သော နေပြည်တော်မှ နေအိမ်ကို ဧပြီ ၂၄ ရက်နေ့ကတည်းက တလလျှင် ကျပ် ၆ သိန်း ၅ သောင်းနှုန်းဖြင့်
 ၆ လစာပေး၍ ငှားရမ်းထားခဲ့ပြီး ပြင်ဦးလွင်နေအိမ်ကို မေ ၅ ရက်မှစ၍ တလလျှင် ကျပ် ၁ သိန်း ၄ သောင်းနှုန်းဖြင့် ၆ လစာပေး၍ ငှားရမ်းခဲ့ကြောင်း ရေးသားထားသည်။

မြို့နယ် ၃ ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးနှင့် မော်တော်ယာဉ်တစီး ပျက်စီးခဲ့ကာ၊ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons