Wednesday, June 29, 2011

မြို့ကြီးသုံးမြို့ ဗုံးဖောက်ခွဲသူ ၃ ဦး ရဲက ရှာဖွေလျက်ရှိ

မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ်   မဇ္ဈိမသတင်းဌာန ။      ။ နေပြည်တော်အပါအဝင် မြို့ကြီးသုံးမြို့တွင် တပြိုင်တည်း ဗုံးဖောက်ခွဲမှုပြုသည်ဆိုသော သံသယဖြင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၃ ဦးကို လိုက်လံရှာဖွေလျက်ရှိကြောင်း အစိုးရက ထုတ်ပြန်သည်။ မန္တလေးတွင် ကားဗုံးဖောက်ခွဲပြီး နေပြည်တော်နှင့် ပြင်ဦးလွင်မြို့များတွင် လူသူမရှိသော အိမ်များအတွင်း ဗုံးဖောက်ခွဲမှုကို ဇွန်လ ၂၄ ရက်နေ့က တပြိုင်တည်း ကျူးလွန်သူများမှာ စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ ဖြစ်သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာများ၌ ဗုဒ္ဓဟူးနေ့တွင် ပါရှိသည်။ မန္တလေးတွင် ပေါက်ကွဲခဲ့သည့် လိုင်စင်မဲ့ကား (၃ခ/၁၉ဝ၄) ကို စိုင်းဆမ် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၅ လက်မ၊ အသားဖြူ၊ ဝဲမျက်စိဘေး တွင် အမာရွတ်တခုရှိ စိုင်းအိုက် အသက် ၂၅နှစ်၊ အရပ် ၅ပေ ၃ လက်မ၊...

Tuesday, June 28, 2011

အမြင့်ပျံငှက်များ အပိုင်း (၂)

စတက်နေ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် အနာဂါတ်ကရင်လူငယ်များ စည်းလုံးပြီး အရည် အချင်းပြည့်ဝရန်လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးတလျှောက် အုပ်စိုးသူအဆက်အဆက်တို့၏ က ရင့်အမျိုးသားများအတွင်းထဲထဲဝင်ဝင် သပ်သျှိုသွေးခွဲမှုတို့ကြောင့် ဖြစ်ပေါ်လာရသော ကွဲအက်မှုများ၊ ဆုံးရှုံးလိုက်ရသော အင်အားများကို ပြန်လည်စုစည်းရန်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဘို့ရန် ယနေ့ ကရင်လူငယ်တို့၏ ပခုံးပေါ်သို့ ကျရောက်နေပြီဖြစ်ပါသည်။ ကရင်အမျိုးသားများအတွင်းနှင့် ကရင့်တော်လှန်ရေးအတွင်းရှိ ပုဂ္ဂိုလ်များသည် တဦးနှင့် တဦး  အ တွေးအမြင်မတူညီနိုင်သော်လည်း ကရင့်အမျိုးသားလွတ်မြောက်ရေးဟူသော ပန်းတိုင်တိုင်မှာ အတူ တူပင် ဖြစ်ပါသည်။ ကရင်အမျိုးသားများတို့သည် ပဒေသရာဇ်ခေတ်မှ ယခုအချိန်အထိ အဖိနှိပ်ခံရဆဲ၊ အသတ်ဖြတ်ခံရဆဲ၊ ပစ္စည်းဥစ္စာတို့ကို အဓမ္မအသိမ်းခံရဆဲ၊ ပညာရေးနိမ့်ကျဆဲ အစရှိသဖြင့် အလွန် ပင် ၀မ်းနည်းကြေကွဲဘွယ်ရာများကို နေစဉ်...

Sunday, June 26, 2011

မြဝတီ ကော့ကရိတ် လမ်းမြေပြို၊ ကား ၄၀၀ ခန့် သောင်တင်

Sunday, June 26, 2011 မြ၀တီ ကော့ကရိတ် တရက်ခြားကားတန်း (ဓာတ်ပုံ - ဧရာဝတီ) မြ၀တီ ဒေါနတောင်ကျော် ကားလမ်းမှာ ဇွန်လ ၂၄ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းနေတာကြောင့် မြေပြိုမှုများ ဖြစ်ပွားပါတယ်။ ဒါကြောင့် မနေ့က မြ၀တီမြို့ကနေ ထွက်ခွာမယ့် မော်တော်ယာဉ်အစီးရေ ၄၀၀ လောက် သောင်တင်နေပါတယ်။ မြ၀တီကနေ ကော့ကရိတ်ကို သွားတဲ့လမ်းပိုင်းရှိ အလယ်ဘိုတဲနှင့် နှစ်ထပ်ကွေ့နေရာ အပါအ၀င် နေရာ ၄ နေရာမှာ မြေပြိုမှုဖြစ်ပွားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်သွားခဲ့တယ်လို့ မြန်မာကုန်သည်တဦးက ပြောပါတယ်။ ၎င်းက “ဒီနေ့ကားတန်းအဆင်းရက်၊ တနေ့ကစပြီးမိုးက အခုချိန်ထိရွာနေတုန်းပဲ။ တနေ့ညက မြေပြိုလို့ မနေ့ကကားတွေ ဆင်းလို့မရတော့ဘူး။ ပိတ်နေတာအစီး ၄၀၀ လောက်ရှိမယ်။ ဘယ်နှစ် ရက်ကြာမလဲ မသိရသေးဘူး။ အများစုကကုန်ကားတွေဖြစ်တော့ အထားမခံတဲ့ကုန်တွေကတော့ ရက်ကြာရင် ပြဿနာရှိတယ်”...

Saturday, June 25, 2011

အစိုးရ၏ စွပ်စွဲမှုများ အခြေအမြစ်မရှိဟု KNU ပြောဆို

Saturday, 25 June 2011 ဇွန်လ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)မွန်ပြည်နယ်၊ ဝေါလေမြို့နယ် ရွှေအေးမြိုင်ကျေးရွာမှ ဦးလှစိန်သည် ဇွန်လ၂၃ရက်နေ့က တောင်ယာသွားရင်းနင်းမိ သည့်မိုင်းမှာ KNU မှ ထောင်ထားခြင်းဖြစ်ကြောင်း အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြမှုများမှာ အခြေအမြစ်မရှိဟု ကရင်အ မျိုးသားအစည်းအရုံး(KNU) က ပြောဆိုလိုက်သည်။ကရင်လူမျိုးဖြစ်သူ အသက် ၇၅နှစ်အရွယ် ဦးလှစိန်သည် ထိုနေ့မနက်က တောင်ယာသို့သွားစဉ် ရွာ၏အရှေ့တောင် ဘက် တစ်မိုင်ခန့်အကွာရှိ လမ်းဆုံတစ်နေရာ၌ KNU ထောင်ထားသည့် မိုင်းနင်းမိ၍ ညာဖက်ခြေကျင်းဝတ် ပြတ်သွားခဲ့ သည်ဟု ယနေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည်။အဆိုပါ စွပ်စွဲထားခြင်းအပေါ် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “မြန်မာအစိုးရကတော့ မီးရထားတွဲမှာ၊ အမှိုက်ပုံးမှာ၊ အိမ်သာထဲမှာ ပေါက်တဲ့...

Thursday, June 23, 2011

ဗိုလ်မှူးကြီး စောချစ်သူကို ကွပ်ကဲရေးမှူးရာထူး ကမ်းလှမ်း

June 23, 2011 by နော်နိုရင်း ကရင်ပြည်နယ်ထဲက နယ်ခြားစောင့်တပ်ရင်း ၄ ခု ဒီကေဘီအေကို ပြန်လည် အသွင်ပြောင်းပြီးတဲ့နောက်..လက်ကျန်တပ်တွေကို စုစည်းကွပ်ကဲဖို့ အစိုးရက တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကို တာဝန်ပေးပါတယ်။ ကရင်ပြည် မြိုင်ကြီးငူဒေသအခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၄ ရင်းဟာ သူတို့ရဲ့ မူလအဖွဲ့အစည်း ဒီကေဘီအေတံဆိပ်တွေ ပြန်လည်တပ်ဆင် အသွင်ပြောင်းခဲ့ပြီးတဲ့နောက် လက်ကျန်တပ်တွေကို ကွပ်ကဲဖို့ ပြီးခဲ့ရက်ပိုင်းက အစိုးရအရာရှိတွေက ဗိုလ်မှူးကြီးစောချစ်သူကို ကမ်းလှမ်းခဲ့ပါတယ်။ ကရင်ပြည်နယ်ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းနဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် မောင်မောင်အုန်းတို့က ဗိုလ်မှူးကြီးစောချစ်သူကို ပြီးခဲ့ရက်ပိုင်းတွေတုန်းက ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောချစ်သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒီကေဘီအေတပ်ကနေ...

စစ်ဘေးရှောင် ၁၃၀၀၀ ကျော် KIO ထံ ရောက်

သဲသဲ၊ ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ် မဇ္ဈိမသတင်းဌာန  ။       ။ ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် ကချင်တိုက်ပွဲများကြောင့် စစ်ဘေးပုန်းရှောင်လာသူ ဒုက္ခသည် ၁၃ဝဝဝ ကျော်ရှိပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့က ပြောသည်။ KIO ဗဟိုကော်မတီဝင်ဖြစ်သူ ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား၏ ပြောဆိုချက်အရ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ၅ဝဝဝ ကျော်၊ မိုးညှင်းခရိုင် တပ်ရင်း ၅ နယ်မြေတွင် ၂၃ဝဝ ကျော်နှင့် တပ်ရင်း ၃ နယ်မြေ လွယ်ဂျယ်ဒေသတွင် ၆ဝဝဝ ကျော်ရှိသည်ဟုဆိုသည်။ “မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။ ဒုက္ခသည်များမှာ ခန်းမဆောင်များ လိုင်ဇာမြို့တော်ခန်းမ၊ အမှတ်(၃) ဈေး၊ တိုက်ခန်းအလွတ်၊ ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်းထားရှိသည်။ KIO ဗဟိုဌာနက...

ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

21 Jun 2011 ကေအိုင်စီ ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမကယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမို တင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။ “မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ အကုန်စစ်တယ်။ လမ်းသွားလာနေတုန်း မသင်္ကာသူတွေကို တွေ့ရင် ခေါ်ယူစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက် တာရှိပေမဲ့ အချို့ကိုတော့ ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။ ယင်းသို့ စစ်ဆေးမှုများကို စစ်တပ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် မနက်ပိုင်းမှစ၍ ညပိုင်း ၁၁နာရီအထိ ဖြစ်ကြောင်းလည်း အဆိုပါ မြို့ခံများက ပြောဆိုနေကြသည်။ သူကပင် “အခု အတော့်ကို အစစ်အဆေးလုပ်နေတယ်။ ဆိုင်ကယ်တွေကို ဖောက်ခွဲပစ္စည်း ရှိမရှိကြည့်ပြီးမှ ပေးသွားတယ်။ စစ် ဆေးတဲ့နေရာတွေကတော့...

Wednesday, June 22, 2011

သြစတြေးလျား ဆစ်ဒနီတွင် လူထုအစည်းအဝေးနှင့် ဒုက္ခသည်နေ့ ကျင်းပပြီးစီးခဲ့

ဇွန်လ ၂၀ရက်။ စောကျော်ခွီး (ကေအိုင်စီ) မြန်မာ့နိုင်ငံရေး အကြပ်အတည်းဆိုင်ရာ လူထုအစည်းအဝေးနှင့် ဒုက္ခသည်များနေ့ အခမ်းအနားကို သြစတြေးလျနိုင်ငံ နယူး ဆော့သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ကာရာမာရပ်ကွက်ရှိ The Conference Hall of STARTTS တွင်သြစတြေးလျား ကရင်အ မျိုးသားအဖွဲ့အစည်း(AKO)မှ ဇွန်လ ၁၈ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည်။ ထိုနေ့တွင် အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပရာ နေ့လည် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်မှု အပါအ၀င် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို ကျောင်းဆရာ/ဆရာမများ၊ ဆရာဝန်များ၊ Burma Campaign သြစတြေးလျား၊ Burma Campaign-UK၊ ကေအဲန်ယူ UK ကိုယ်စားလှယ်၊ ၈၈မျိုးဆက်ကျောင်းသားများ၊ သြစ တြေးလျားရောက် ကရင်အမျိုးသားများနှင့် မြန်မာ့အရေး စိတ်ပါဝင်စားသူပေါင်း ၃၀ဦးကျော်က တက်ရောက်ဆွေးနွေးခဲ့ကြ သည်။ “နိုင်ငံရေးအကျဉ်းသားအားလုံးကို မလွှတ်ပေးသရွေ့၊ တိုင်းရင်းသားတွေနဲ့...

ဖောက်ခွဲ၊ ပစ်ခတ်မှုများကြောင့် ဘုရားသုံးဆူတွင် စစ်ဆေးရေး ပိုမိုတင်းကြပ်ထား

Tuesday, 21 June 2011 ဇွန်လ ၂၁ရက်။ ကေအိုင်စီ ဘုရားသုံးဆူမြို့ပေါ်တွင်ဗုံးပေါက်ကွဲမှုနှင့် တိုက်ခိုက်မှုမကြာခဏ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေး တိုးချဲ့ထားရုံသာမက ယမန်နေ့ နံနက်မှစ၍ စစ်ဆေးမှုများပါ ပိုမိုတင်းကြပ်ထားကြောင်း မြို့ခံများက ပြောသည်။ “မနေ့မနက်ကနေစပြီးတော့ စစ်ဆေးမှုတွေ တင်းကြပ်လာတယ်။ လမ်းသွယ်လမ်းကြားကအစ စစ်သားတွေကြီးပဲ။ ကားတွေ ဆိုင် ကယ်တွေ အကုန်စစ်တယ်။ လမ်းသွားလာနေတုန်း မသင်္ကာသူတွေကို တွေ့ရင် ခေါ်ယူစစ်ဆေးပြီး အချို့ကို ပြန်လွှတ်ပေးလိုက် တာရှိပေမဲ့ အချို့ကိုတော့ ခေတ္တခဏ ထိန်းသိမ်းထားတာလည်း ရှိတယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။ယင်းသို့ စစ်ဆေးမှုများကို စစ်တပ်မှ လုပ်ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် မနက်ပိုင်းမှစ၍ ညပိုင်း ၁၁နာရီအထိ ဖြစ်ကြောင်းလည်း အဆိုပါ မြို့ခံများက ပြောဆိုနေကြသည်။သူကပင် “အခု အတော့်ကို အစစ်အဆေးလုပ်နေတယ်။...

အစိုးရတပ်၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုစည်းကြဖို့ SYCB ထုတ်ပြန်ပြောဆို

21 Jun 2011 စောခါးစူးညား (ကေအိုင်စီ) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်နေသည့် မြန်မာအစိုးရတပ်များကို ရိုက်ချိုးနိုင်ဖို့ တိုင်းရင်းသားများအားလုံးစုစည်းညီညွှတ်မှု၊အပြန်အလှန်ကူညီပံ့ပိုးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုရှိကြရန်မြန် မာနိုင် ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်-SYCB က ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။လက်ရှိ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားနေသော စစ်ပွဲများသည် တိုင်းရင်းသားများ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီ ရေးနှင့် အမျိုးသားတန်းတူရေး စသည့် နိုင်ငံရေးပြဿနာများဖြစ်သော်လည်း   မြန်မာအစိုးရသည် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သည့်အတွက် တိုင်းရင်းသားအားလုံးကလည်း ညီညီညွှတ်ညွှတ် ပြန်လည် ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်ကြရမည်သာဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ SYCB ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်ဆန်း(Nan San)က “ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊...

Sunday, June 19, 2011

အမြင့်ပျံငှက်များ အပိုင်း (၁)

 စတက်နေ  June20 2011 လူငယ်သည်အနာဂါတ်၏ခေါင်းဆောင်များဖြစ်ပါသည်။ တိုင်းပြည်အကျိုးကို ဆောင်ကျဉ်းပေးနိုင် သော တိုင်းပြည်၏ သားကောင်းရတနာများဖြစ်ပါသည်။ ကရင်လူငယ်ထုအတွင်း ၎င်းတို့၏ မှန်ကန်မြင့်မြတ်သော မျိုးချစ်စိတ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်တို့သည်လည်း အလွန်လေးစား ဂုဏ်ယူစရာဖြစ်ပေသည်။ ကရင်အမျိုးသားတို့၏ရပိုင်ခွင့်၊ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်ဟူသောဒီမိုကရေစီအခြေခံသည့် တိုက်ပွဲတို့သည်တရားမျှတသောတိုက်ပွဲပင်ဖြစ်ပါသည်။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးကြီးသည်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တို့နှင့် နိုင်ငံရေး စား ပွဲဝိုင်းတွင်တွေ့ဆုံနိုင်ရန်အတွက်လည်းကောင်း၊ စစ်ရေးနည်းဖြင့်သော်လည်းကောင်း၊ သံတမန် နည်းဖြင့်သော်လည်းကောင်း တိုင်းပြည်၏ အကျိုးကို ဦးထိပ်ထားပြီး အာဏာရှင်အဆက်ဆက်တို့နှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ ကြိုးစားအား ထုတ်မှုများမှာ ကမ္ဘာအသိဖြစ်ပါသည်။ မဆလ၊ န၀တ၊ မဆလ၊ နအဖနှင့် ယခု ကြံ့ဖွံ့အစိုးရအထိ...

နန့်ဇိုယာဖန်း

ဇိုယာဖန်းဟာ အင်မတန်မှ နိုင်ငံရေးမှာ တက်ကြွတဲ့ ကရင်အမျိုးသမီးတယောက်ဖြစ် ပါတယ်။ မွေးရကျိုးနပ်တယ်လို့ ကရင်ခေါင်းဆောင်များက ပြောကြပါတယ်။ သူဟာ ခေတ်ပညာတတ်ဆိုပေမယ့် ဘ၀မြင့်ခြင်း၊ ကိုယ်ကျိုးအတွက် မလုပ်ဆောင်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်နှင့် ဗမာပြည်၏ဒီမိုကရေစီနိုင်ငံရေးလောကတွင် စတင်ခြေချနေသူဖြစ်ပါတယ်။ ၎င်းအား မချီးကျုးဘဲ မနေနိုင်ကြပါ။...

မြန်မာစစ်သား ၆ ဦးကို KIA ဖမ်းဆီး

Sunday, June 19, 2011 သောကြာ, 17 ဇွန် 2011 နူးပန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရအကြား တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာသလို အထိအခိုက် အကျအဆုံးတွေလည်း ပိုလာပါတယ်။ KIA ဘက်က ပြည်တွင်းစစ်အထိ တိုက်သွားမယ်လို့ စစ်ကြေညာပြီး ၃ ရက်အကြာဒီကနေ့အထိ KIA ဘက်က တိုးစစ်ဆင်နိုင်တဲ့ အနေအထားတော့ မရှိသေးပါဘူး။ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်တပ်တွေကို ခံစစ်အနေနဲ့ တိုက်ခိုက်နေရဆဲ ရှိပါတယ်။ ဒါပေမဲ့ စစ်သားတွေ တင်ဆောင်လာတဲ့မြန်မာစစ်ကား အချို့ကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မြန်မာဘက်က စစ်သား၆ ဦးကို ဖမ်းဆီးထားလိုက်နိုင်တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ဟာ အစိုးရတပ်တွေ လက်နက်ကြီးတွေနဲ့ စစ်အင်အားတွေ သယ်ယူပို့ဆောင်မှုကို ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေ...

ငွေပေး၍ ဗုံးခွဲရန် ခိုင်းစေဟု အစိုးရ စွပ်စွဲချက်အပေါ် KNU ငြင်းဆို

18 Jun 2011 စောခါစူးညား (ကေအိုင်စီ) ပြည်သူများကို ငွေကြေးမက်လုံးပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်းစေနေသည်ဟု ယနေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲဖော်ပြထားချက်အပေါ် မဟုတ်မှန်ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင်ကိုလတ်(ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြချက်ကို ကေအဲန်ယူက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ KNU ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ဒါတွေဟာ သူတို့ မတရား လုပ်ကြံအကွက်ဆင်တာ ဖြစ်တယ်။ လုပ်ကြံဝါဒဖြန့်တာ လည်း ဖြစ်တယ်။ ကျနော်တို့ KNU မှာ အကြမ်းဖက်တဲ့ ပေါ်လစီ မရှိဘူး။ ဒါ ရှင်းရှင်းလေးပဲ။ ဒီလို မတရားစွပ်စွဲမှုတွေဟာ ဟိုး ...

Page 1 of 512345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons