Wednesday, July 13, 2011

ထိုင်းအလုပ်ရုံတွင် မြန်မာ ၄ဝဝ ခန့် ဆန္ဒပြမှု ဖြစ်ပွားပြန်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ချင်းမိုင် (မဇ္ဈိမ) ။      ။ အခြားအလုပ်ရုံများနည်းတူ လုပ်ခတိုးမရသဖြင့် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် စေတီစမ်အွန်းမြို့ရှိ WATANA Footwear Co., Ltd. ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ခန့်သို့ ဆန္ဒပြမှု ကူးစက်ကာ တနင်္ဂနွေနေ့မှစ၍ ၄ ရက်တိုင် အလုပ်မဆင်းဘဲနေကြသည်။ တပတ်လုံး နားရက်မရှိသော အလုပ်ရုံတွင် တနေ့လုပ်ခ ၁၅ ဘတ် တိုးပေးရန်၊ တရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန်နှင့် သောက်သုံးရေသန့်များ ရရှိရန် အလုပ်ရှင်ထံ အလုပ်မဆင်းဘဲ တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်သည်။ ၎င်းတို့မှာ တရက်လုပ်ခ ၆၅ ဘတ်မှ ၁၄ဝ အထိ ရရှိကြပြီး၊ တရက် ၉ နာရီ အလုပ်ဆင်းရကာ ဘုရားသုံးဆူဒေသရှိ ထုံးဓာတ်လွန်ကဲသော တွင်းရေကိုသာ ကြိုချက်သောက်သုံးရသည်ဟု အလုပ်သမားဘက်က ဆိုသည်။ ဇွန်လ...

Monday, July 4, 2011

ခိုင်မြဲတည်တံ့သောအစိုးရ (စောဘဦးကြီးရေးသည်)

Monday, July 4, 2011 တိုင်းပြည်မရှိသော  လူတစ်မျိုးသည်  လူမျိုးကြီးတစ်မျိုး(Nation)ဟုကမ္ဘ္ဘာအသိအမှတ်ပြုလိမ့်မည်မဟုတ်ခြေ။အကြောင်းမှုကား၎င်းလူမျိုးသည်  ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ခွင့်မရဘဲတပါးလူမျိုး၏လက်အောက်၌သာနေ ထိုင်ကြရခြင်းကြောင့်ဖြစ်ပေသည်။   ပင်ကိုတိုင်းပြည်ရှိနှင့်သောလူတစ်မျိုးသည်ကိုယ့်မင်းကိုယ့်ချင်းနှင့်မနေရသော်    မိမိတို့၏ ညံ့ဖျင်းမှုကြောင့် သာလျှင်ဖြစ်ပြီး နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားများ၏    လက်အောက်ခံအဖြစ်ဖြင့်သာအောက်ကျနောက်ကျ   ရှိကြရလေသည်။သို့ရာတွင်ကိုယ့်တိုင်းကိုယ့်ပြည်ကိုယ့်မင်းကိုယ့်ချင်းနှင့်ရှိသောလူမျိုးတို့သည်ကား သူတပါး၏လက်အောက်ခံသို့မရောက်စေရန်ခိုင်မြဲတည်တံ့သောအစိုးရကိုရရန်အတွက်အင်တိုက်အားတိုက်လုံးပန်းကြရမည်ပင်ဖြစ်သည်။အောက်ပါအချက်ကြီး(၃)ချက်နှင့်ပြည့်စုံသောအစိုးရသည်...

Page 1 of 512345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons